Friday, June 20, 2008

ချစ်သူရေးခဲ့တဲ့ အလွမ်းညတွေ (3)


မောင်. . . . .
ဘယ်နေရာမှာပဲ နေနေ နေတတ်ရင် ပျော်စရာလို့ ဆိုတတ်ကြတယ်နော်။ ကျမကတော့ ရောက်သည့် အရပ်ဒေသမှာ မောင့်ကို သတိရစိတ်ဖြင့် မပျော်မွေ့ပါဘူးလေ။ မောင်နှင့် ပတ်သတ် ခဲ့ခြင်းတွေကို ဘာဖြစ်လို့များ “အတိတ်”ဟု သတ်မှတ်ရန် ၀န်လေး နေရပါသနည်း?။ မောင့်ကို ချစ်ခြင်းဖြင့် ကျမ အသက် ရှင်သန် နိုးထ နေတယ်ဆိုတာလည်း မောင်အသိပါ။ ကံကောင်းခြင်း လက်ဆောင်တွေကို ကျမအတွက် မောင်ပေးဖို့ စိတ်ကူး မရှိခဲ့ဘူး မဟုတ်လားကွယ်. . . . ။

သူငယ်ချင်းအချို့ က မောင့်ကို "သူက မိန်းမ ပွေတယ်နော်" ဆိုတဲ့ သတိပေး စကားကို ဥပေက္ခာ ပြုခဲ့ပါသည်။ ထို့အတွက် လည်း ဘယ်တော့မှ နောင်တ မရပါ။ အဖြေကတော့ ရိုးစင်းလွန်းပါသည်။ မက်မောစွာ ချစ်မြတ်နိုးလို့ပါပဲ။ ဟုတ်တယ် မောင်ဟာ ကျမဘ၀မှာ အမှန်တကယ် လိုအပ်လွန်း တာလည်း ထပ်ခါတလဲလဲ ပြောဆိုခဲ့ဖူးပါသည်။
မောင့်ဆန္ဒ၊ မောင့်ဘ၀၊ ၀ိဥာဉ်တစ်ဝက် တိတိကို ကျမ ပိုင်ဆိုင်ချင်တာ မှားယွင်းစွာ တောင်းဆိုမှု တစ်ခုဟု ဆိုချင်ပါသလားကွယ်။ ကျမ၏ ထိန်းချုပ်မျိုသိပ်မှု တွေကို သူငယ်ချင်းတွေက “ရှင်, ကြာရင် နှလုံးရောဂါ ရမှာ စိုးရိမ်ရတယ်” တဲ့။ မောင့် အတွက်ကြောင့်ပဲ သူတို့ကို စိတ်မဆိုးနိုင် ခဲ့ပါလေ။

မောင်ကို ကျမ ရူးမေ့စွာ ချစ်ခဲ့ပြီး မောင်ကတော့ ကျမအပေါ် သာမန် ချစ်သူရည်းစား အဖြစ် သတ်မှတ်ခဲ့တယ် ဆိုတဲ့ သံသယ များခဲ့မိချိန်ဟာ ကျမအတွက် အားလုံး နောက်ကျခဲ့ပြီလေ။ ကျမက အချစ်ကြီး တတ်သူဖြစ်ပြီး ရှက်ကြောက် စွဲလမ်းတတ်သူကိုး။ ကျမ သူငယ်ချင်း တစ်ယောက် ကတော့ သူမကို သူမရဲ့ ချစ်သူက အလွန်အမင်း ချစ်မက်မှုတွေကို (ကြွားဝါတာ မဟုတ်ဘဲ) ကျေနပ်စွာ ပြောပြတတ်ပါသည်။ သူမ၏ စကားသံ ဆုံးတော့ သိပ်ကံကောင်းတာပဲနော် ဟု အားကျ ရင်ခုန်စွာ ပြောမိပြန်သည်။ အဲဒီလိုပဲ ကျမပေးဆပ်ခဲ့တဲ့ ချစ်ခြင်း မေတ္တာ အပြည့်အ၀ကို မောင့်ဆီက ပြန်လိုချင် တောင့်တမိတာ လောဘကြီးတာလား မောင်ရယ်။ မောင့် မျက်နှာ မောင့်အသံ အပြောင်းအလဲကို ရာသီဥတုခန့် မှန်း သလို စောင့်ကြည့် ဝေဖန်မှု တွေဟာ ကျမညံ့ဖျင်း ခဲ့လွန်းပါသည်ကွယ်။

မောင်ဟာ လေလို လွင့်ပါးသူဖြစ်ပေမဲ့ ကျမ ဘ၀အတွက်တော့ သတ်မှတ်မှုပြ ဂရပ်ဖ် တစ်ခုပါ။ မောင် ကျမ အပေါ်ထားရှိတဲ့ စိတ်သန္ဓေကို ကွန်ပျူတာထဲ ထည့်ကြည့်ပြီး အဖြေထွက်ရင် သိပ်ကောင်းမှာပဲ ဟု ကလေးတွေးတွေး မိပါ၏။ မောင့်ဆံနွယ် ပျော့ပျော့အိအိ တွေကို ကျမချစ်သည်။ မောင့်မျက်ဝန်း နက်နက်တစ်စုံ ကိုတော့ မက်ရှိုက်စွာ ရင်ခုန်မြန်သည်။ မောင့် အရိပ်ကို အတွေးဖြင့် မြင်ကြည့်ရင်း အိပ်စက်ဖို့ မေ့လျော့ မိုးလင်းခဲ့တဲ့ နေ့တွေဟာ ချစ်သူ သက်တမ်း တစ်ဝက်နီးနီး ပါပဲ။ အနည်းငယ်တော့ ရယ်မောဖို့ကောင်းတယ်နော်။ ချစ်သူ သက်တမ်းက တကယ်တန်းမှာတော့ ရက်ပေါင်း 100 ကျော် လောက်ပါပဲလေ။ ကျမ နှလုံးသားမှာတော့ မောင့် ခြေရာတွေက ထောင်ချီလို့ ပေါ့ကွယ်။

မောင်ရယ်. . . .။ သူငယ်ချင်းတွေရဲ့ “ဘာလို့ လမ်းခွဲခဲ့ကြတာလဲ?” ဆိုတဲ့ အမေးစကားကို မျက်ရည်ကျပြီး အဖြေမဲ့မိတာ ကျမ ပျော့နွဲ့လွန်းပါသလား ?။ မျက်ရည် သုတ်ပြီးရှောင်ပြေးရအောင် သွေးပျက်ဖို့ မသင့်လျော်မှန်း သိပေမဲ့ ယောင်္ကျား တစ်ယောက် အတွက်နဲ့ ဣနြေ္ဒမဲ့လွန်း သည်ဟုဆင်ခြင်လျက် ကြိုးစား အားထုတ်ကာ နေခဲ့ရတဲ့ အချိန်တွေဟာ သိပ်ပေါများပါ၏ “မောင်က စိတ်ဆိုးသွားလို့ပါ” ဟု စကားလုံးကို ဖော့ပြောတော့လည်း သူငယ်ချင်းတွေက နောက်ပြောင်ကြပြန်ရော . . . .။ မောင့် အတွက်ကြောင့်ပဲ ခံနိုင်ရည်တရားတွေ မွေးဖွားတတ်ပြန်သည်လေ။ ကျမက မောင့် အပေါ် အမှားပြုမိရင် တောင်းပန်ဖို့ ၀န်မလေးတတ်ပါဘူး။ မောင်ပဲ ကျမ မဟုတ်တဲ့ ကောင်မလေး တစ်ယောက်နဲ့ တစ်ပြိုင်နက် ပတ်သက် နေခဲ့သည်လေ။ ကျမက မဟုတ်တဲ့ ကောင်မလေး တစ်ယောက်နဲ့ တွဲထိုင်နေတာကို မြင်ခဲ့ရတဲ့ ကျမလောက် သွေးပျက်ခဲ့တာ ရှိပါ့မလား? မောင်တို့ ပျော်နေခဲ့တာ ကို ကျမ မြင်တွေ့ခဲ့ရသည်ပဲလေ။ မိန်းကလေး တစ်ယောက်ရဲ့ မာနနှင့် ဒေါသက ကျမတို့ချစ်သူ နှစ်ဦး ဝေးလွင့်ခြင်း အတွက် ဖြစ်ဖို့ မသင့်လျော်ပါဘူး မောင်ရယ်. . . .။

မောင်နှင့်အတူ ဘုရားသွား ခဲ့ဘူးတဲ့နေ့လေး ကလည်းသိပ်ကို အထီးကျန်စွာ လှပရင်း ကျန်ရစ်ခဲ့ပြန်ပါပြီ။ အပြင်းထန်ဆုံး ဆုံးရှုံးကြေကွဲမှု ဟာ ကျမ ဘ၀တစ်ဆစ်ချိုးမှာ တိုက်ဆိုင်စွာ အပြောင်းအလဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပါသည်။ မောင့် အဆုံးအဖြတ်ကို ကျမ နားလည်မှုမဲ့၏။ အသေအချာ သိရှိမှုတွေ ပြတ်သားပြီပဲ မောင်ရယ်။ သ၀န်တိုတတ်တဲ့ ချစ်သူတွေ အကြောင်းကြားရပြန်တော့ ၀မ်းနည်းဆို့နစ် လျက်ကြေကွဲ ခံးစားရ၏။ ကံကြမ္မာကိုပဲ နားကြည်းနာကျင်ရမှာလား? ကျမရဲ့ စွဲလန်း လွန်းအားကြီးသော စိတ်အလိုကိုပဲ အချိန်ပြည့် တွေဝေစွာ စဉ်းစားနေဆဲပါ မောင်ရယ်။ မောင်ရှိရင် လောကဟာ ပြီးပြည့်စုံမှာပါပဲလို့ စိတ်နှလုံး ရိုင်းတွေနဲ့ မတွေးခေါ်လိုတော့ပါ. . .။ အေးဆေးနွေးထွေး မဲ့စကားလုံး လှလှတွေနဲ့ ရင့်ကျက်တည်ငြိမ်ဖို့၊ စကားပြော လောမကြီးဖို့၊ ဒေါသထွက်လွယ်ပြီး ထိန်းချုပ် ဟန်ဆောင်တတ်ဖို့ မောင်ပြောပြခဲ့ဖူးပေမယ့် ကျမ ကြိုးစားရအုံးမယ်လေ။ ခုချိန်မှာတော့ ကွဲအက်ခြင်းတွေရဲ့ အစွန်းတစ်ဖက်က နေပူပြင်းမှုကြောင့် မျက်ရည်မိုးစက် တွေကတော့ မြစ်တွေ ချောင်းတွေ လိုပါပဲ မောင်ရယ် . . . . . .။

**Ingyin**

Read More...

Tuesday, June 17, 2008

အိမ်မက် မှတ်တမ်း

သနားစရာ မကောင်းတဲ့
ဇာတ်ဝင်ခန်းထဲမှာမှ
ကြေကွဲခံစားနေရတဲ့ ငါ့အဖြစ်ကို
မြင်လှည့်စမ်းပါ အချစ်ရယ် . . . .။

စက္ကူစုတ်တွေနဲ့ ငါ့ကို ပစ်ပေါက်သွားခဲ့တာလား ?
အဲဒါ မင်းကိုယ်တိုင် ဖွဲ့နွဲ့ခဲ့တဲ့
သစ္စာစကားတွေလေ . . . ။
ဖောက်ပြန်တတ်တဲ့ ရာသီဥတုထဲမှာ
မင်းမျက်နှာကို အရည်ဖျော်ပြီး ငါ . . . .
ပျော်ပါးစွာသောက်သုံးလိုက်ချင်ပါရဲ့  . . . . . ။
မဲ့ခနဲ ပြုံးလိုက်မိပြီ
အဲဒါ ငါ့ငိုကြွေးခြင်းပါကွယ်။
မင်းကိုယ်တိုင် မပျော်နိုင်ပဲနဲ့ ဘာ့ကြောင့်
ငါ့ကို မုန်းတယ်လို့ ပြောရတာလဲ ???
မျက်ရည်ဝဲတွေကို သုတ်ဖယ်ပြီးမှ
မင်းငါ့ကို ကျောခိုင်းသင့်တယ်။
အမုန်းစကားတစ်ခွန်းရဲ့ နောက်မှာ
ရှိုက်သံ တစ်ခုပြုတ်ကျသွားတာကတော့
လျှို့ ဝှက်ချက် တစ်ခုပဲဖြစ်မယ်။
ဘယ်သူ မုန်းခိုင်းတာတဲ့လဲ ???
သူစိမ်းတစ်ယောက်ကို ကြည့်တဲ့ မျက်လုံးတွေနဲ့
ငါ့ကို ပက်ပက်စက်စက် ကြည့်ပြီးမှ
မုန်းတယ်လို့ ပြောလိုက်စမ်းပါ . . . ။
မျက်ရည်တွေ ၀ဲနေပါလျှက်နဲ့
ဘာကြောင့်ရက်စက်ချင်ရတာလဲ . . . .ကွယ်။
ငါ . . . . . .
ရင်နာတယ် အချစ်ရယ်
နင့်ခနဲ နေအောင်ပစ်လိုက်တဲ့ မင်းရဲ့  မြားတစ်စင်းကြောင့်
ငါ့ မြိုသိပ်ခြင်းကို မြင်ရလိမ့်မယ် ထင်သလား ???
ကြည့်စမ်းပါဦး . . .
မင်းကိုငါ ပြုံးပြနေတယ်လေ
ဟန်မဆောင်တတ်ပဲနဲ့
မင်းကို ဘယ်ချစ်ပါ့မလဲကွယ် ။
မင်း ကျေနပ်ပါရဲ့လား ?
ငါ့ ကျဆုံးခြင်းတွေအတွက်
မင်းကို ငါ ပြုံးပြနေတယ်လေ . . . .
မင်းကို အနိုင်ယူဖို့ရည်ရွယ်ခဲ့ရင်
"ချစ်တယ်" ဆိုတဲ့စကား ငါ ဘယ်ပြောထားပါမလဲ !
"သွားစမ်း"လို့စေရင် . . . . ငါ မနေပါဘူး
"ကြွေစမ်း"လို့ စေရင် . . . . ငါ မဝေပါဘူး
မင်းအတွက်အလိုအပ်ဆုံးဟာ
ငါမဟုတ်တော့ဘူးဆိုရင် ငါ့အတွက် အလိုအပ်ဆုံးက . . .
မင်းကျေနပ်သွားဖို့ တစ်ခုတည်းပါ
ကျေနပ်တယ် မဟုတ်လား ???
မင်းပစ်ခွင်းခဲ့တဲ့ မြားတစ်စင်း ကို တော့
ပြန်နှုတ်ယူဖို့ မစဉ်းစားပါနဲ့ ၊
အဲဒီမြားတံကို ကြည့်ပြီး
မင်း ကို သတိရနေပါရစေ . . . . . ။
တပ်မက်ခြင်းကင်းစင်ပါရဲ့
ဒါပေမယ်ကွယ်
မင်းရှိမှ ပြည့်စုံမယ်ထင်တဲ့ လိုအပ်ချက်တစ်ခုကို
ဘယ်လိုမေ့ပစ်ရမှာလဲ ?
မျက်နှာ လွှဲရုံနဲ့ မင်းကို မမြင်ရတော့ဘူးဆိုရင် . . .
ငါ့မျက်နှာကို အခါခါ လွှဲဖယ်လိုက်ချင်ပါတယ်။
ကျောခိုင်းလိုက်ရုံနဲ့ မင်းကို သတိမရတော့ဘူးဆိုရင် . . .
အခါခါ ကျောခိုင်း၊ အခါခါ ထွက်ပြေး
ဝေးသွားလိုက်ချင်ပါရဲ့  . . .
ဒါပေမယ့်ကွယ်
မျက်စိစုံမှိတ် အရိပ်ေ၀၀ါး အာရုံထဲမှာ
အမြဲတမ်းလာ ပြုစားညှာခြွေ စိုးမိုးနေလို့
ဘယ်မြေကိုများ နင်းထားရမလဲ ?
ကောင်းကင်တစ်ခုတည်းရဲ့အောက်မှာ
တစ်ယောက် တစ်နေရာစီရှိနေကြရတဲ့ ချစ်သူဟောင်းတွေလေ . . .
ဘာပဲလုပ်လုပ် အရုပ်တစ်ရုပ်လို နေထိုင်မှုမျိုးနဲ့ မင်းကို
မျှော်ကိုးစောင့်စားခဲ့တာမင်း မသိစေပါနဲ့ကွယ် ။
နီးစပ်ခဲ့တဲ့ အရိပ်အငွေ့တွေကြောင့်
မင်း မမေ့သင့်ဘူးထင်ပါရဲ့  . . . . ဒါပေမယ့်
ရင်နာရမှာလားကွယ် ။
အကြင်နာဆိုတာ ပြောင်းလဲတတ်ပါသလား ?
တင်းမာလွန်းလှတဲ့ မင်းရဲ့ ရက်စက်နိုင်စွမ်းကို
ငါ အံ့သြမိပါတယ်
ဘာပဲဖြစ်ဖြစ် မင်းရဲ့နေ့သစ်တွေအတွက်
ငါ့ချစ်ခြင်းတွေ ရှင်သန်ပါရစေ
"ချစ်တယ်" လို့ မင်း ပြုံးရွှင်စွာ ပြောခဲ့တုန်းက
ငါ့ တစ်ကိုယ်လုံး ငြိမ်းချမ်း အေးမြသွားခဲ့ရတယ်ဆိုတာ
မင်း အသိဆုံးပါ။
"ဝေးရမှာကြောက်တယ်" လို့ မင်းစိုးရိမ်ခဲ့တုန်းက
တစ်ကယ်တမ်း ထိတ်လန့်ခဲ့တာ ငါပါပဲကွယ် ။
ခုလို တစ်ကယ်တမ်းဝေစးကွာရတော့မဲ့အခါမှာ
မင်းကိုယ်တိုင်ပစ်လိုက်တဲ့ အမုန်းမြားတစ်စင်းက
ငါ့ရင်ကို ပိုပြီးကြေကွဲစေတယ် ။
အပြစ်ဒဏ်ကို မကြေငြာပဲ အပြစ်ပေးလိုက်တာကတော့
မင်း ရက်စက်လွန်းပါတယ် . . .
မင်းအပေါ်ယုံကြည်ခဲ့မိတဲ့ ငါ့ ယုံကြည်စိတ်တွေကို
ငါ မုန်းချင်လိုက်တာကွယ်
ဘာပဲဖြစ်ဖြစ် . . . ..
ထင်ကျန်ခဲ့တဲ့ ငါ့ပါးပြင်ပေါ်က မျက်ရည်စက်တွေကကြားမှာ
မင်း ရှိနေပါသေးတယ် ။
ဘယ်မှာ ဝေးလို့လဲ
ငါ့ ငိုကြွေးခြင်းတွေ မကုန်ဆုံးသမျှ
ငါ့ ပါးပြင်ပေါ်မှာ မင်းရှိနေပါသေးတယ်
ဘယ်လိုမေ့ရမလဲ
မုန်းဖို့စကား မင်းပြောသွားပေမယ့်
မေ့တတ် အောင်သင်ပေးဖို့ လိုနေသေးတယ်လေ။
သစ္စာမဲ့တယ်လို့ ပြောရအောင်ကလည်း
မင်းနဲ့ ငါ သူစိမ်းတွေမှ မဟုတ်ပဲ . .
တို့နှစ်ယောက်ရဲ့ နားလည်မှု နဲ့ သစ္စာတရားကို
တို့နှစ်ဦးသား အသိဆုံးပါကွယ် ။
စိတ်တွေလျှော့ချလိုက်တဲ့အခါကျမှ
မင်း . . .ငါ့ကိုမုန်းလိုက်တာဟာ
မှန်ကန်မှုတစ်ခုဆိုပေမယ့် သံသရာ အဆက်ဆက်
တွယ်ယှက်မဲ့ ငါ့လက်တွေကို ပြုတ်ချနိုင်ရက်တာကိုတော့
ငါ ရင်နာမိတယ် ။
ငါ့တစ်ကိုယ်လုံး မီးဟုန်းဟုန်း တောက်နေတာတောင်မှ
ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နိုင်စွမ်းရှိခဲ့တဲ့
မင်းရဲ့ခံနိုင်ရည်အားမျိုးကို ငါလိုချင်လိုက်တာ . . . . . ။
မင်းနဲ့အတူ မက်ခဲ့ရတဲ့အိမ်မက်တွေအကြောင်း
တွေ့ခွင့် ရခဲ့တဲ့နေ့ရက်တွေအကြောင်း
အုတ်နံရံပေါ်က ရက်စွဲလေးတွေအကြောင်း
နှစ်ယောက်အတူကြည်နူးစွာ ပြောခဲ့ဖူးကြတဲ့ စကားလုံးတွေအကြောင်း
လက်တွဲရင်း လျှောက်ခဲ့ဖူးကြတဲ့ လမ်းလေးတွေအကြောင်း
အို . . . . အရာရာကို သတိရလိုက်တာ ။
တရားဝင် နှုတ်ဆက်ခွဲခွာခဲ့ ကြပါလျှက်
တရားမ၀င် ကြေကွဲကြရမယ့် ဘ၀ဆိုးမျိုးကို
ငါ တွေးပြီးကြောက်လန့်ပါရဲ့ 
ဘာအပြစ်မှ မရှိပဲ ချစ်လျှက်ကြေကွဲခဲ့ကြတဲ့
အသည်းနှလုံးတွေနဲ့များ
ကမ္ဘာကြီးကို တည်ဆောက်ထားသလားကွယ်။
"မုန်းတယ်"လို့
မင်း ဘယ်လောက်ပြောပြော
ရင်နာရုံအပြင် အမုန်းခံရတယ်လို့ ငါမထင်ပါဘူး
မညာချင်ပါဘူး အချစ်ရယ် . . .
မင်းကို ငါ ချစ်တယ် . . . . . . . . . . . . . . . . ။
မင်းရှေ့မှာ ငါမငိုပါဘူး
ငါ့နောက်ကွယ်မှာလည်း မင်း မငိုပါနဲ့ ။
ပြိုကွဲသွားတဲ့ ငါ့ အနာဂတ်ကို တစစီ ပြန်ကောက်ရင်းနဲ့
ငါ့ရဲ့ အထီးကျန်ကမ္ဘာလေးထဲမှာ
မင်းရဲ့ခြေရာတွေကို တစ်ခုစီ ချိတ်ဆွဲ စီရီပြီး
အနာဂတ်မှာ မမေ့ပျောက်နိုင်တဲ့
ပုံပြင်တစ်ပုဒ်၊ ဒါမှမဟုတ် ဒဏ္ဍာရီတစ်ခုလို
မငိုတတ်တဲ့လူတစ်ယောက်ရဲ့ ခံနိုင်စွမ်းတွေနဲ့
အိမ်မက်မှတ်တမ်း လို့
ခေါင်းစဉ်တပ်ပြီး ပြောပြချင်လိုက်တာ . . .။
အဲဒီ အခါ
ငါ့မျက်ဝန်းမှာ
မျက်ရည်တွေ ဝေ့၀ဲနေလိမ့်ဦးမယ်ဆိုရင်
ဒါဟာ ပုံပြင်မဟုတ်ဘူး
ဒဏ္ဍာရီ မဟုတ်ဘူး
အိမ်မက်မဟုတ်ဘူး ဆိုတာ
သူတို့ ခန့်မှန်းနေကြပါလိမ့်မယ်
ယုံလိုက်စမ်းပါ အချစ်ရယ် . . .
ငါ . . . မငိုပါဘူး . . .
ငါ့အိမ်မက်တွေ ထဲမှာပေါ့ . . . . . . .
ငါ . . . မငိုပါဘူး . . . . ။ ။ ။ ။ ။


Read More...

Sunday, June 1, 2008

ချစ်သူရေးခဲ့တဲ့ အလွမ်းညတွေ (၂)


အိပ်တန်းပြန်ငှက်တို့ရဲ့ အတောင်ပံခတ်သံဟာ ကြေကွဲ မှိုင်းညှို့လို့။ လေနှင်ရာ တိမ်တို့ရဲ့ လမ်းကြောင်းအတိုင်း စိတ်တွေကလွင့်။ ငါ့ရဲ့ အိမ်ပြန်ည တွေဟာ တမ်းတခြင်းတွေနဲ့ မှောင်မိုက်ခဲ့တာ ကြာခဲ့ပြီပေါ့။ ခြေလှမ်းတွေ ခြေလှမ်းတွေ သနားစရာကောင်း လောက်အောင် ဦးတည်ချက်မဲ့လို့။ ငါ့ကိုပေးပါချစ်သူ၊ စိတ်ရှုပ်ငြီးမှုတွေ ပျော်ဝင်နေတဲ့ မင်းရဲ့ မျက်ဝန်းတွေ။ ပြီးတော့ ရှိရင်းစွဲ အမုန်းတွေ၊ နောက်ထပ်မွေးဖွားမဲ့ အမုန်းတွေကော ပေါ့ . . . . ။
အံ့သြနေသလား ? ရယ်သံချိုရှရှ နဲ့ ချစ်သူ့ရဲ့ နှုတ်ခမ်းများရယ် . . . ။ ငါ့မှာ အမုန်းတွေကို တမ်းတနေတဲ့ သတိရစိတ်ရှိနေခဲ့တယ်။ ချစ်သူ မင်းအမုန်းတွေရဲ့ ပို့ချခြင်းမှာ မာကျော ကျစ်လျစ်စွာ သေဆုံးခဲ့ပေါ့။ နေ၀င်ချိန်ဟာ ငါ့အတွက်လို့ မသိခင်က ဆည်းဆာ ဆိုတဲ့ တိမ်တွေရဲ့ ပွဲတော်မှာ ငါပျော်ခဲ့မိတယ်။ ခုတောင်မှ ရယ်သံ ချိုရှရှလေး ကြားလိုက်ရသလိုပါပဲ . . . . .။ အကောင်းဆုံး ရယ်ပြတတ်ခဲ့သူရယ်. . ။ ပြီးတော့ အကောင်းဆုံး ရက်စက်တတ်သူပေါ့. . .။ အားလုံးဟာ မေ့စရာ မကောင်းတော့ဘူးကွယ်။ ပြန်တွေးလိုက်တိုင်း သတိရမိတာ မင်းရဲ့ မျက်ဝန်းစူးစူးတွေလေ။ မင်းရဲ့ စူးရဲတဲ့ မျက်ဝန်းတွေက ငါ့ရဲ့ အသိဥာဏ် တွေကို ချုံ့ပစ်တယ်။ မင်း စကားတွေက ငါ့အတွေးတွေရဲ့ ဆုံးဖြတ်ချက်တွေကိုေ၀၀ါးစေခဲ့တယ် ။
"မင်းဟာ ငါ့ရဲ့ အကောင်းဆုံး အဖော်!" တဲ့။ အဲဒီ စကားလုံးတွေရဲ့ ဖျားယောင်ခြင်းမှာ ရှည်လျားတဲ့ သံသရာကို မေ့ခဲ့မိတယ်။ အေးလေ မင်းကလည်း အရာအားလုံးကို မေ့သွားအောင် ဖန်ဆင်းတတ်သူပဲ။ ဒါပေမယ့် ချစ်သူရယ် မင်းနှုတ်ခမ်းက ပြောတဲ့ အဖော် ဆိုတဲ့ အဓိပ္ပါယ်ကို သိခဲ့ရတဲ့နောက်တော့ ရီဝေနေတဲ့ အာရုံနဲ့ ငါတစ်ယောက်ထဲ လမ်းမပေါ်မှာလေ။

ပတ်ဝန်းကျင် ဆိုတဲ့ လူတွေရဲ့ ဟာသစကားဝိုင်းမှာ ငါ့ နာမည်ကို ကြားရတယ်။ သနားစရာ စကားဝိုင်းတွေမှာ ငါ့နာမည်ကို ကြားနေရတယ်။ "ဒါဟာ မထူးဆန်းဘူး။ သူ့ရဲ့လုပ်ရိုးလုပ်စဉ် အပြောင်းအလဲပဲ" တဲ့။ လူတွေရဲ့ နှလုံးသားက ဒီလောက် အပေါစား ဆန်နေသလား ချစ်သူ။ လတ်လတ် ဆတ်ဆတ် ငါ့နှလုံးသားကို သေဆုံးကြောင်း အမိန့်စာပြန်တာ မထူးဆန်းဘူးလား။ အကြောင်းမဲ့လား ချစ်သူ။ အကြောင်းမဲ့တော့ ငါ့ရင်ကို မခွဲပါနဲ့ ချစ်သူ။ ဟန်ဆောင်ပဲ ဖြစ်ဖြစ်၊ တကယ်ပဲ ဖြစ်ဖြစ် ခိုင်လုံစရာ မလိုပါဘူး။ အကြောင်း တစ်စုံတစ်ရာ နဲ့ ငါ့နှလုံးသားကို ခွဲပစ်လိုက်ပါ။ အကြောင်းမဲ့ လမ်းခွဲခံရတဲ့ လူတစ်ယောက်တော့ ငါ မဖြစ်ပါရစေနဲ့။
ဒီလောက် လွယ်ကူစွာဖွဲ့စည်း ထားတဲ့ ချစ်ခြင်းတရားဟာ ဘာကြောင့် ငါတစ်ယောက်တည်းကိုမှ တုတ်နှောင်ရသလဲ? ရပါတယ် ချစ်သူရယ်၊ မင်းကြိုက်တဲ့ ဒသနကို ဖွင့်ဆိုပါ။ ငါ့အတွက်တော့ အရာရာဟာ ဟင်းလင်းပြင် တစ်ခုလို . . . . ဖမ်းဆုတ်စရာ ဆိုလို့ မျက်ရည်ပူတွေပဲ ရှိနေပါတယ်။ အေး လေ. .. မင်းနဲ့ အတူ ပျော်ရွှင်ခွင့် မရတော့ရင်လည်း မင်းဆက်ပြီးကမယ့် ကကြိုးတွေ ကိုတော့ ငါငေးမောနေခွင့် ပေးပါ။ တကယ်ပါ ယစ်မူးစရာကောင်းတဲ့ ကကြိုးတွေနဲ့ မင်းဟာ မေ့ပစ်ဖို့ မကောင်းဘူး ချစ်သူ။ ငါ့စောင့်ကြည့်နေမှာပါ ချစ်သူ။ မင်းဖွင့်ထားခဲ့တဲ့ ဟင်းလင်းပွင့် တံခါးရွက်ကနေပေါ့။ မင်းကို ငေးနေပါရစေ။ ငါ့ကို မြင်ခွင့်ပေးပါ ချစ်သူ။ ပွင့်ကျန်ခဲ့တဲ့ တံခါး တစ်ချပ်အတွက်ပေါ့။ အဲဒီ စိတ်ကူးတွေ ဟာ မီးသင့်ပြီးသားလို့ မသိခင် မတွေးခင်ကပေါ့။ တကယ်တမ်း ငါ့အတွက် ဆိုတာ ဘာမှ မရှိတော့ပါဘူး။
မင်းကို မြင်နေခွင့် ဆိုတဲ့ အခွင့်အရေးလေး တစ်ခုနဲ့ မင်းအနားမှာ တိတ်ဆိတ်စွာ ရပ်နေသူပါ။ အခွင့်အရေး ဆို ငါ့အတွက်တော့ ယုံတမ်းစကားပါ။ မင်းတွေးမိပါ့ မလား ချစ်သူ။ မင်းကတော့ မင်းရဲ့ ကျင့်စဉ်အတိုင်း မကြာခင်မှာ အဖော်သစ် ရဲ့ ရင်ခွင်မှာ မှေးစက် နေတော့မယ်။ အဲဒီ မြင်ကွင်းမျိုးဟာ တစ်နေ့နေ့မှာ ငါ့မျက်ဝန်းတွေရဲ့ ရှေ့မှာ ပေါ်လာမှာပဲလေ။ အဲဒီအချိန်မှာ ငါဘယ်လိုများမင်းကို ငေးကြည့်နေရဲတော့ မလဲလေ။ ငါ အဲဒီလောက် မရိုးသားပါရစေနဲ့။ ငါ အဲဒီလောက် သတ္တိ မရှိပါရဟေနဲ့ တော့ကွယ်။ ဘ၀မှာ ပျော်ရွှင်စရာ အချိန်တွေ သေဆုံးသွားရင် သွားပါစေတော့။ ရင်ကို နာကျင်စေမယ့် အကြောင်းရာတွေကိုတော့ မတွေ့ချင်၊ မလိုချင်တော့ဘူး ချစ်သူ။
ဒီလိုနဲ့ အခွင့်အရေးပါးပါးလေးကို ထားရစ်ခဲ့ပြီး မင်းရဲ့ မျက်ဝန်းတွေနဲ့ အဝေးဆုံးကို ပြေးထွက်ခဲ့ရပေါ့။ တကယ်တမ်း ပြေးထွက်ခဲ့ရပေမဲ့ မင်းရဲ့ အရိပ်ဆိုးအောက်မှာ ငါကျဆုံးလို့ ကောင်းနေဆဲပဲ ချစ်သူ။ မိုင်ပေါင်းများစွာ ဝေးနေမှန်းသိလျက် နဲ့ မင်းရဲ့ အငွေ့အသက်ကို ရှာဖွေနေတဲ့ ငါ့ မျက်လုံးတွေရဲ့ မှားယွင်းမှုက သနားစရာ ကောင်းလွန်းရဲ့လေ။ မင်ရဲ့ အဝေးမှာ ငါနေလို့ ရပါ့မလား။ မနက်ခင်း တစ်ခုရဲ့ နေရောင်ခြည်ကို တမ်မက်မှုမျိုးလိုပါပဲ။ တကယ်ပဲ ဖြူစင်စွာ လွမ်းဆွတ်နေမိတာပါ။ ဒါမဲ့ မင်းရဲ့ ကျောခိုင်းထားတဲ့ အပြုံးတွေ၊ တစ်ပါးသူအတွက် ရယ်သံ ချိုရှရှ တွေ ငါ့မှာ လွမ်းရမယ် ဆိုရင်တောင် ပြည့်စုံစွာ လွမ်းခွင့် မဲ့ခဲ့ရပါပြီကွယ်။ နာကြည်းခွင့် ရှိရဲ့လားလို့ ငါ့ကို ငါတောင် သံသယ ၀င်နေမိတယ်။ လူသားတစ်ယောက် ဖြစ်ပါလျက် ကိုယ့်အိပ်မက်တွေကို သွေးပျက်စေတဲ့ လူကိုမှ ငါ မျှော်လင့် နေဆဲပဲလေ။ တကယ်ဆို နာကျည်းစွာ မုန်းမေ့ဖို့ အခွင့်အရေးတွေ ရှိပါလျက်နဲ့ အားလုံး ဟာ င့ါအားနည်းချက်တွေပေါ့ ချစ်သူ။
မတွေးတော့ဘူးချစ်သူ။ အရှုံးအမြတ်တွေ နာကျင်မုန်းတီးစရာတွေ ငါမတွေးတော့ဘူး။ ငါ့ အပေါ်မှာ လှလှပပ ပြုစားတတ်တဲ့ မင်းရဲ့ အတတ်ပညာတွေကို ဦးညွတ်လို့ ငါ ရူးသွပ်သူလို နေ့တွေ ညတွေကို ကျောခိုင်းလိုက်တော့မယ်။ ခုချိန်ထိ ငါ့ ရဲ့ညတွေဟာ မင်းပေးတဲ့ အိပ်မက်ဆိုးမှာ ပျော်နေဆဲပဲ ချစ်သူရယ်။ ငါဟာ မင်းရဲ့ အဝေးမှာ ဆက်နေလို့ ဖြစ်ပါ့မလား။ အဲဒီ အတွေး မဆုံးခင်မှာပဲ တခြားသူရဲ့ ရင်ခွင်က မင်းရဲ့ ရယ်သံကို ကြားယောင်မိလာတယ်။ ငါ့ ကို လွတ်မြောက်ခွင့်ပေးပါ။ တိတ်ဆိတ်ခြင်းတွေ အပြည့်နဲ့ အထီးကျန်ညတွေဟာ ရှည်လျားလွန်းလှ တယ်။ မျှော်လင့်စရာလို့ မနက်ခင်းရဲ့ လေညင်းဖျော့ဖျော့ လေးပဲရှိပါတယ်လေ.။ အဲဒီ လေညင်းမှာ တောင်မှ ချစ်သူရဲ့ စိမ်းကား ရက်စက်မှုတွေ မျောလွင့်လာခဲ့တယ်။
မင်းနဲ့ဝေးအောင် ကြိုးစားမိတဲ့ ငါ့နှလုံးသားမှာ သတိရခြင်းတွေက အမျှင်တန်းနေမှတော့ ငါ့ကို ကယ်ပါချစ်သူ။ မင်းရဲ့ ဥပေက္ခာတွေနဲ့ ကယ်ပါ။ လွတ်လပ်စွာရင်ခုန် ငေးမောခွင့် ပေးပါ။ မင်းတစ်ပါးသူကို ပြုံးပြမဲ့ မင်းအပြုံးတွေကို တိတ်တဆိတ် ခံစားခွင့်ပြုပါ။ ပြီးတော့ စိတ်ဓါတ်တို့ ကို ဖျက်ဆီးပေးလိုက်ပါ ချစ်သူ။
ဝေးကွာခြင်းဆိုတဲ့ ချည်တိုင်ကနေ ငါ့ရဲ့ ရှုံးနိမ့်ခြင်း မျက်ရည်တွေ ကဆုန်စိုင်းလာလိမ့်မယ်။ မင်းရဲ့ ပူပြင်းတဲ့ လှောင်ရယ်သံမှာ ခြောက်သွေ့ အငွေ့ပြန်နိုင်ဖို့ ပေါ့ ချစ်သူ .. . . .. . .. . .. . .. ။

**SM**


Read More...

Wednesday, April 30, 2008

အဖြည့်ခံ


မင်း က ၀တ်မှုံလေးဆိုရင် . . .
ကိုယ်က ၀တ်မှုံအပါး
ခိုနားခွင့် ရတဲ့ လိပ်ပြာကလေး အဖြစ်နဲ့ ရှင်သန်လို သူရယ်ပါ။
မင်း က သီချင်းကလေး တစ်ပုဒ်ဆိုရင် . . .
ကိုယ်က သီချင်းအပါး
သံစဉ်လေး အဖြစ်ခိုနားလိုတဲ့ သူရယ်ပါ။
မင်း က ကဗျာကလေး တစ်ပုဒ်ဆိုရင် . . .
ကိုယ်က ကဗျာလေးရဲ့ အသက်
ကာရန်လေး အဖြစ်နဲ့ ဖက်တွယ်လို သူရယ်ပါ။
မင်း က သော်တာလမင်း ဆိုရင် . . .
ကိုယ်က လမင်းလေးအနား
ကြယ်စင်လေးအဖြစ် ခစား ၀ပ်တွားလိုသူရယ်ပါ။


မင်းက တောင်ပံလေးနဲ့ ငှက်ကလေးဆိုရင် . . .
ကိုယ်က ငှက်ကလေး ပျံသန်းမဲ့ ဝေဟင်လည်းဖြစ်
ခိုနားမဲ့ ကိုင်းခက်လည်း ဖြစ်လိုသူရယ်ပါ။
မင်းကလေး ရှင်သန်စေဖို့
မင်းကလေး ဖန်တီးရာ . . . . .
မင်းကလေး လိုအပ်ရာ . . . . .
မင်းကလေး တည်ဆောက်ရာ . . . . .
မင်းကလေး ဖွဲ့စည်းရာ . . . . .
မင်းကလေး စေခိုင်းရာ . . . . .
အရာ များစွာမှာ ဖြစ်လိုရာဖြစ်
အချစ်ပိုမိတာ တစ်ခုနှင့်
မင်း ရဲ့ အဖြည့်ခံ
မင်းစီမံရာ စွန့်ခွာလိုစွန့်,
ပစ်ခွာလိုပစ်,
စေလိုရာစေ,
ကျေနပ်စွာပေးဆပ်
စိတ်ကူးအိပ်မက်နှင့် လည်း . . . နေပျော်တတ်ခဲ့ပေါ့ကွယ် ။

Read More...

Thursday, April 24, 2008

မောင် တို့ ယောင်္ကျားတွေ က . . . .

မောင် တို့ ယောင်္ကျားတွေက မြစ်ဆိုရင်
မိန်းမတွေက ပင်လယ်တွေပဲ . . .
ရေစီးခက်ထန်တဲ့ မြစ်ပဲ ဖြစ်ဖြစ် . . .
ကြမ်းတမ်းတဲ့ မြစ်ပဲ ဖြစ်ဖြစ် . . .
တိမ်တဲ့ မြစ်ပဲ ဖြစ်ဖြစ် . . .
နက်တဲ့ မြစ်ပဲ ဖြစ်မြစ် . . .
မြစ် ဟူသမျှဟာ ပင်လယ် ထဲကို စီးကြရတာ ချည်းပဲ။
ပင်လယ်နဲ့ တွေ့တဲ့အခါ . . . . . . .
ကြမ်းတမ်းတဲ့ မြစ်တွေက နူးညံ့သွားကြတယ်၊
ညင်သာတဲ့ မြစ်တွေက ငြိမ်သက်သွားကြတယ်၊
ဒါပေမဲ့ လက်ခံရတဲ့ ပင်လယ်ကတော့ . . . . . . . .
အမြဲတမ်း လှိုင်းတံပိုးတွေနဲ့ လေ။

Read More...

Tuesday, April 22, 2008

မင်း အတွက်

မင်းယုံယဲ့လား ?
ပေါ့ပျက်ပျက် ရယ်သွမ်းသွေးပြီး
လောကကြီးကို အရေးမထားတရ့်
လူတစ်ယောက်ယဲ့ ရင်ထဲမှာ
မင်းအတွက် . . . . လေးနက်ခြင်းတွေရှိနေတရ်။

မင်းသိယဲ့လား ?
မထီမဲ့မြင်ဏဲ့ လောကကြီးအတွက်
ကဗျာမဆန်တရ့်
လူတစ်ယောက်ယဲ့ ရင်ထဲမှာ
မင်းအတွက် . . . . နူးညံ့တရ့် သံစဉ်တွေ ရှိနေတရ်။

မင်းထင်ယဲ့လား?
ပြုံးစပ်စပ် မျက်နှာပေးဏဲ့
ပျော်ရွှင်ခြင်းသာရှိတရ့်
လူတစ်ယောက်ယဲ့ ရင်ထဲမှာ
မင်းအတွက် . . . . လွမ်းခြင်းတွေ ရှိနေတရ်။

မင်းမြင်ယဲ့လား
မချစ်တတ်ဘူးလို့ မင်းထင်ခဲ့တရ့်
လူတစ်ယောက်ရဲ့ ရင်ထဲမှာ
မင်းအတွက် . . . . ချစ်ခြင်းတွေ ရှိတရ်။

မင်းသိထားပါ !!!
လွတ်လပ်ပွင့်လင်း ဟန်ဆောင်ခြင်းကင်းတရ့်
လူတစ်ယောက်ယဲ့ ရင်ထဲမှာ
မင်း တစ်ယောက်ထဲ အတွက်သာ နေရာ ရှိတရ် . . . ။

Read More...

မချစ်တတ်သေးပါ

အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့ လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။

ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။

မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။

ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။

မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။

လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။

သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။

အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။

သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။

သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။

အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။

သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။

သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။

သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။

မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။

ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။

သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။

တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။
ဒါဆို အချစ်လေ။

မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။
ဒါဟာ အချစ်ပဲပေါ့။

အခု အချစ်ဟာ သိပ် ခါးသီး နာကျင်နေစေမယ် ဆိုရင် ကျမတို့ ဘာကြောင့် ချစ်ကြဦးမလဲ။
ဘာအတွက်ကြောင့် ဒါကြီးကို တစ်ဘ၀လုံး ရှာနေဦးမလဲ။
ကျမတို့ ဒါကို ဘာလုပ်ဖို့ တောင့်တနေဦးမလဲ။
ဒီအနာတရ၊ ဒီမချိမဆံ့ ဝေဒနာ၊ ဒီအလွမ်းတွေ၊ ဒီဒုက္ခတွေက ဘာကြောင့်လဲ။
ကိုယ့်ရဲ့ အတ္တကိုတောင် ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့လေ။ အဲဒါ ဘာအတွက်လဲ။
အဖြေက သိပ်ရိုးရှင်းပါတယ်။ အဲဒါ အချစ်ကြောင့်လေ။

ဘယ်လောက်ထိ စွဲဆောင်အား ကောင်းသလဲဆိုရင် အချစ် မရှိဘူး ဆိုတဲ့လူတွေတောင် ခံစားကြည့်ချင်တယ်။ ရှိပြီးသား လူတွေက သူများကိုလည်း ခံစားစေချင်တယ်လေ။

Pass this to all your friends so they don't make the same mistake with their LOVE LIVES!!
I like the dreams of the future better than the history of the past...

**ပီကေ ထံမှ အမှတ်တရ**


Read More...

Monday, April 21, 2008

မိန်းမ တစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်

ယောင်္ကျားနှင့် မိန်းမ အကြား တစ်သက်တာ အတိုင်းဆမဲ့ ရင်းနှီးစွာ တာဝန်ယူနိုင်ရန် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကတိသစ္စာ ဖြင့် လက်ထပ်ကြသော်လည်း လက်ထပ်ခြင်းအပေါ် နားလည်ခံစားပုံခြင်း အလွန် ကွာခြားပါသည်။

ယောင်္ကျားသည် မိန်းမကို မိမိပိုင်ဆိုင်သည့် ပစ္စည်း ဥစ္စာမြေယာတို့ အနက် တစ်ခုအပါအ၀င်ဖြစ်သော၊ တပ်မက် ဂုဏ်ယူစွာ စောင့်ရှောက်ရမည့် ပစ္စည်းသစ်တစ်ခု ဖြစ်လာရန် လက်ထပ်ယူလေ့ ရှိပြီး မိန်းမသည် ယောင်္ကျားကို တစ်သက်တာ မိမိအား အကာ အကွယ်ပေးမည့် လေးစားမြတ်နိုးဖွယ် ကောင်းကင်သစ် တစ်ခုအဖြစ် လက်ထပ်ခြင်း ဖြစ်သည်။

ယောင်္ကျား တစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တယ် ဆိုတာ အဲဒီ မိန်းမနဲ့ ပတ်သတ်သမျှ အရာရာကို သူတစ်ဦးတည်း စိုးမိုး ပိုင်ဆိုင်လိုခြင်း ပဲဖြစ်ပါတယ်။ သူချစ်တဲ့ မိန်းမ သူ့တစ်ယောက်တည်း အပေါ် စွဲလန်း တမ်းတအောင် သူဘယ်လို ဆွဲဆောင် ကြိုးစားရမလဲ ဆိုတဲ့ လောဘနဲ့ အတ္တဟာ သူ့ရဲ့ အချစ်ဖြစ်တယ်။ ဒါပေမယ့် မိန်းမတစ်ယောက်က ယောင်္ကျားတစ်ယောက် ကို ချစ်ပြီဆိုတဲ့အခါ မိန်းမရဲ့ ဘ၀ဟာ ယောင်္ကျားရဲ့ ဘ၀ထဲကို အလိုအလျောက် စီးဝင်သွားရတယ်။ ကိုယ်ချစ်တဲ့ သူကို ကိုယ်ဘာတွေ ပေးနိုင်မလဲဆိုတဲ့ မျှော်လင်ချက်ဟာ မိန်း